Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ် မန်းကျိုး ကျေးရွာ၌ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်းနှင့် စပ်ဆက်လုပ်ငန်းများဆောင်ရွက်နေမှု စစ်ဆေး


24 Sep,2025

‎မင်းဘူးမြို့နယ် မန်းကျိုး ကျေးရွာ၌ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်းနှင့် စပ်ဆက်လုပ်ငန်းများဆောင်ရွက်နေမှု စစ်ဆေး 

‎‎မင်းဘူး စက်တင်ဘာ ၂၄
‎မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိစေရန်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၄၇ ဒသမ ၅ သန်းဖြင့် ဆောင်ရွက်သည့် မန်းကျိုးကျေးရွာ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်းနှင့် စပ်ဆက်လုပ်ငန်းများ  လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။           
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၊ မင်းဘူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုနှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာရေပေးရေးကော်မတီဝင်များနှင့်အတူ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်တည်ဆောက်ခြင်း၊ စက်ရေးတွင်းတူးဖော်ခြင်းနှင့် စပ်ဆက်လုပ်ငန်းများ  လုပ်ငန်းများ‌ဆောင်ရွက်နေမှုအခြေအနေများကို   ကွင်းဆင်းစစ်ဆေးပြီး Myint Zu Aung ကုမ္ပဏီတာဝန်ခံအင်ဂျင်နီယာက  လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြမှုအပေါ် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်က  သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး ဆောင်ရွက်သွားရန်နှင့်  လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။           
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ မင်းဘူးမြို့နယ်အတွင်း  အကျယ် ၄ ဒသမ ၅ လက်မ ၊ အနက် ၃၀၀ ပေ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ အမြင့်တင်ရေစင်တည်ဆောက်ခြင်း၊ အိမ်သုံးမီတာ တပ်ဆင်ခြင်းနှင့် မီတာခန်းတည်ဆောက်ခြင်းလုပ်ငန်းများကို  ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ‌၄၇ ဒသမ ၅ သန်းဖြင့်  Myint Zu Aung ကုမ္ပဏီမှ ယခုနှစ် ဇွန်လ ၂၆ ရက်‌နေ့မှစတင်၍  တာဝန်ယူ‌ဆောင်ရွက်လျက်ရှိရာ ယခုအခါ  လုပ်ငန်းဆောင်ရွက်မှုမှာ ၈၂  ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ပါကြောင်း မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် ပြောပြ၍   သိရသည်။           
‎ဇင်မာ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်