Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ဆည်မြို့နယ်၌ ကျေးလက်လမ်းခင်းနေမှုများ ကြည့်ရှုစစ်ဆေး


25 Sep,2025

ကျောက်ဆည် စက်တင်ဘာ ၂၄

           သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ်(မြို့ပြ)ဦးလှခိုင်၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဖျောက်ဆိပ်ပင်ကျေးရွာ အဝင်လမ်းနှင့် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ဖြင့် ဆောင်ရွက်နေသည့် သပြေပင်-ပင်တလည်- ပတ္တာ လမ်းခင်းနေမှုများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

           အဆိုပါလမ်းကို Winner Myanmar Company က တာဝန်ယူ၍ ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၁၂၃ ဒသမ ၀၉ သန်းဖြင့် ကွန်ကရစ် ခင်းခြင်းဖြစ်ပြီး သပြေသာ - ပင်တလည် -ပတ္တာ ကျေးရွာချင်း ဆက်လမ်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မန္တလေးတိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၈၇ ဒသမ ၂၃ သန်းဖြင့် ကျောက်ရောမြေခင်းပေးခြင်းဖြစ်သည်။ အဆိုပါလမ်းများ ပြီးစီးပါက ကျေးရွာကိုးရွာမှ လူဦးရေ ၁၆၇၆၃ ဦးတို့၏ လူမှုဘဝများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်