Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ဆည်မြို့နယ်၌ ကျေးလက်လမ်းခင်းနေမှုများ ကြည့်ရှုစစ်ဆေး


25 Sep,2025

ကျောက်ဆည် စက်တင်ဘာ ၂၄

           သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ်(မြို့ပြ)ဦးလှခိုင်၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဖျောက်ဆိပ်ပင်ကျေးရွာ အဝင်လမ်းနှင့် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ဖြင့် ဆောင်ရွက်နေသည့် သပြေပင်-ပင်တလည်- ပတ္တာ လမ်းခင်းနေမှုများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

           အဆိုပါလမ်းကို Winner Myanmar Company က တာဝန်ယူ၍ ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၁၂၃ ဒသမ ၀၉ သန်းဖြင့် ကွန်ကရစ် ခင်းခြင်းဖြစ်ပြီး သပြေသာ - ပင်တလည် -ပတ္တာ ကျေးရွာချင်း ဆက်လမ်းအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မန္တလေးတိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၈၇ ဒသမ ၂၃ သန်းဖြင့် ကျောက်ရောမြေခင်းပေးခြင်းဖြစ်သည်။ အဆိုပါလမ်းများ ပြီးစီးပါက ကျေးရွာကိုးရွာမှ လူဦးရေ ၁၆၇၆၃ ဦးတို့၏ လူမှုဘဝများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်