ရမည်းသင်း စက်တင်ဘာ ၂၄
ရမည်းသင်းမြို့နယ် ကင်မွန်းခြုံ-ထီးလှိုင်လမ်းမှ ဇီးဖြူကုန်းရွာသွားလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးလှခိုင်၊ ရမည်းသင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်လင်းနှင့်အဖွဲ့တို့က စက်တင်ဘာ ၂၂ ရက်တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ရမည်းသင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာရာတွင် အဆင်ပြေစေရန်အတွက် နှစ်စဉ် ဘဏ္ဍာနှစ် အလိုက် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခု ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၄၅ ဒသမ ၅၇ သန်းဖြင့် ကင်မွန်းခြုံ-ထီးလှိုင်လမ်းမှ ဇီးဖြူကုန်းရွာသွားလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေးမှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်