မကွေးမြို့နယ် ယင်းသာစည်(န)ကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်နေမှုစစ်ဆေး
******************************
မကွေး စက်တင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယင်းသာစည်(န)ကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village)ဖြင့် ဘက်စုံသုံး ခန်းမတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက စက်တင်ဘာ ၂၄ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်နှင့် တာဝန်ရှိသူများသည် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ယင်းသာစည်(န)ကျေးရွာ၌ အလျား ပေ ၆၀ အနံ ၃၆ ပေ အမြင့် ၁၂ ပေရှိသော ဘက်စုံသုံးခန်းမ တည်ဆောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village)ရန်ပုံငွေကျပ် ၁၉ ဒသမ ၉ သန်းနှင့် ပြည်သူထည့်ဝင်ငွေကျပ် ၆၀ ဒသမ ၁ သန်း၊ စုစုပေါင်းကုန်ကျငွေကျပ် သန်း ၈၀ ဖြင့် ယခုနှစ် ဩဂုတ်လ ၁ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၆၈ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီး ပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၃၆၉ အိမ်၊ အိမ်ထောင်စု ၃၇၈ စုနှင့် လူ ၁၅၃၉ ဦး၏ လူမှုရေးကိစ္စအဝဝကို အဆင်ပြေစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အိပိုးပိုး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်