Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒေါပုံမြို့နယ် ဝါဆိုရောင်းဝယ်ရေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပဆောင်ရွက်


25 Sep,2025

ဒေါပုံ စက်တင်ဘာ  ၂၅

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ဝါဆိုရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက် ၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက ရွှေယမုံခန်းမ၌ကျင်းပရာ  မြို့နယ်သမဝါယမဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် သမဝါယမအသင်းများမှ အသင်း ကိုယ်စားလှယ်များနှင့် အသင်းသူ၊ အသင်းသားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဒေါပုံမြို့နယ် ဝါဆိုရောင်းဝယ်ရေးသမဝါယမအသင်းစုဥက္ကဋ္ဌ ဦးမောင်မောင် က  သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဒေါပုံမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းသိမ့်သိမ့်ဖြိုးက ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ရသည့် လုပ်ငန်းစဥ်များ၊ မူဝါဒများ၊ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအပေါ် ရှင်းလင်းပြောကြားပြီး အသင်းစု၏ ရှေ့လုပ်ငန်းစဥ်များအပေါ် လိုက်နာဆောင်ရွက်ရေးတို့ကို တိုက်တွန်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဘုန်းနိုင်က အမှာစကားပြောကြားခဲ့ ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အမှုဆောင်အဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို တာဝန်ရှိသူ များက အသီးသီးဖတ်ကြားရှင်းလင်းခဲ့ကြပါသည်။ ထို့နောက် အသင်းသူ၊ အသင်းသားများ၏ သားသမီးများထဲမှ ပညာရည်ချွန်ဆုများကို ချီးမြှင့်ပေးအပ်ခဲ့ပြီး အစည်းအဝေးအပြီးတွင် အသင်းဝင် များအား ကုန်ဝယ်ပေါ် ပြန်အမ်းငွေနှင့် အထည့်ဝင်ငွေပေါ်အမြတ်ငွေများကို  ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်