Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အင်္ဂပူမြို့နယ်ပညာရေးငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ (၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်း အဝေးကျင်းပ


25 Sep,2025

အင်္ဂပူ စက်တင်ဘာ ၂၅

အင်္ဂပူမြို့နယ် ပညာရေးငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာ ရေးမှူးရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာသဘာပတိ ဆရာဦးမောင်ချိုနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့ခိုင်တို့က အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် ပညာရေးငွေစုငွေချေးသမအသင်း လီမိတက်၏ အမှုဆောင်အဖွဲ့ အစီရင်ခံစာဖတ်ကြားခြင်းနှင့် အတည်ပြုခြင်း၊ အသင်းသား စာရင်းစစ်အဖွဲ့ အစီရင်ခံစာဖတ်ကြားခြင်းနှင့် အတည်ပြုခြင်းများ‌ ဆောင်ရွက်ခဲ့ပြီး‌နောက် တက္ကသိုလ် ဝင်စာမေးတွင် ဂုဏ်ထူးရရှိသည့်အသင်းသားများ၏ သားသမီးများနှင့်အသင်းသားများထဲမှ စု‌ဆောင်းငွေ အများဆုံးထည့်ဝင်သူ အသင်းသား(၃)ဦးအား တာဝန်‌ရှိသူများက ဆုများဂုဏ်ပြု ပေးအပ်ခဲ့သည်။ ထို့နောက်အသင်းသားများစုဆောင်းငွေအပေါ် အတိုးရငွေများထုတ်‌ပေးခဲ့‌သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့ခိုင်၊ ပညာရေးငွေစုငွေချေး သမအသင်းလိမိတက်မှ သဘာပတိနှင့်အမှု‌ဆောင်များ၊ အသင်းသားများ စုစုပေါင်း အင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်