Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲကျင်းပ


26 Sep,2025

နေပြည်တော်၊ စက်တင်ဘာ ၂၆

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းသင်တန်းများမှ ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့်သူများအား လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံ၌ ကျင်းပသည်။

          အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ မန္တလေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး၊ ဆောင်းဒါးရက်ကန်းနှင့်အသက်မွေးပညာသိပ္ပံမှ ကျောင်းအုပ်ကြီး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စီမံကိန်းဆိုင်ရာအဖွဲ့ဝင်များနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။

          အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး က အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းအုပ်ကြီးက သင်တန်းဖွင့်လှစ်ရခြင်း၊ လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ချီးပြီး အမရပူရခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူးက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်