Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းဖွင့်လှစ်


27 Sep,2025

နေပြည်တော်၊ စက်တင်ဘာ ၂၇

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ် ငန်းဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် ဆောင်ရွက်သည့် ဒီဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းကို ယနေ့ နံနက် ပိုင်းက အဆိုပါဦးစီးဌာနရှိ သင်တန်းခန်းမ၌ ကျင်းပသည်။

          အခမ်းအနားသို့ ဒေသဆိုင်ရာ MSME Agency ဥက္ကဋ္ဌ ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်း၊ နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြ ပါသည်။

          ဦးစွာ ဒေသဆိုင်ရာ MSME Agency ဥက္ကဋ္ဌ ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာ ယနေ့ဖွင့်လှစ်သည့် ဒီဂျစ်တယ်အသိပညာပေးခံယူချက်နှင့် အလေ့ အကျင့်ဆိုင်ရာသင်တန်းသည် MSME လုပ်ငန်းကော်မတီ (၁/၂၀၂၅) အစည်းအဝေးဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဒီဂျစ်တယ်ဆိုင်ရာ အသိပညာတတ်မြောက်မှု သည် MSME လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များအတွက် အလွန်အရေးပါသော စွမ်းရည်များထဲမှ တစ်ခုဖြစ်ပြီး ယနေ့ခေတ်၏ ဆန်းသစ်ဖန်တီးမှုအားကောင်းပြီး ပြိုင်ဆိုင်မှုများသည့် စီးပွားရေးနယ်ပယ်၌ ရေရှည်ရှင်သန်ရပ်တည်နိုင်ရန် အတွက် မရှိမဖြစ်လိုအပ်သော စွမ်းရည်တစ်ခု ဖြစ်ပါကြောင်း၊ ယခုပညာရပ်သည် မိမိတို့၏လုပ်ငန်းများ ထိထိရောက်ရောက်လည်ပတ်နိုင်ရန်၊ ငွေနှင့် အချိန်ကိုသက်သာစေရန်နှင့် Online မှတဆင့် ဝယ်ယူသုံးစွဲသူအသစ်များထံ ရောက်ရှိပြီး စီးပွားရေးလုပ်ငန်းများကို အောင်မြင်စေရန်အတွက် များစွာအထောက်အကူဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့၏ လုပ်ငန်းများနှင့်စပ်လျဉ်းပြီး အွန်လိုင်းပေါ်တွင် ရှာဖွေနိုင်မည်ဖြစ်သည့်အတွက် အသိ ပညာများတိုးတက်လာပြီး အလုပ်လုပ်နိုင်စွမ်းကိုပိုမိုမြင့်တက်လာခြင်း၊ ဌာန၏ e-Commerce Website ကို အသုံးပြုလာနိုင်ခြင်း၊ Online မှ မိမိတို့၏လုပ်ငန်းများ မှတ်ပုံတင်နိုင်ခြင်းတို့ကို ဆောင်ရွက်လာနိုင်မည်ဖြစ်သောကြောင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများသည် ဒေသတွင်းသာမက နိုင်ငံအတွင်းနှင့် ပြည်ပနိုင်ငံများအထိ ထိုးဖောက်လာနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          ယခုဖွင့်လှစ်သော သင်တန်းတွင် ကျွမ်းကျင်သူပြင်ပနည်းပြမှ ဒစ်ဂျစ်တယ်နည်းပညာ သိမြင်နားလည်တတ်မြောက်ခြင်းနှင့် မိမိလုပ်ငန်းများ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ် နည်းပညာ(Digital Technology)၊ Digital Toolsများအကြောင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း (Digital Transformation) နှင့် နည်းပညာပြောင်းလဲမှုများအပေါ် ပြန်လည်သုံးသပ်ခြင်း၊ MSMEs လုပ်ငန်းများတွင် ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ Online စနစ်ဖြင့် ရောင်းချရာတွင် မှတ်ပုံတင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ဌာနမှ Micro လုပ်ငန်းများအတွက် Online Registration ဆိုင်ရာ နည်းလမ်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်