Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တန်းမြို့နယ် စစ်တပင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဖွဲ့စည်း


29 Sep,2025

ကျောက်တန်းမြို့နယ် စစ်တပင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဖွဲ့စည်း

‎********************************

‎‌ကျောက်တန်း     စက်တင်ဘာ       ၂၉

‎ရန်ကုန်တိုင်းဒေသကြီး၊ သန်ချင်ခရိုင်၊ ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက စစ်တပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းကို (၁၈-၉-၂၀၂၅)ရက်နေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‎‎ရှေးဦးစွာ ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်က စစ်တပင်ကျေးရွာရှိ ကျေးရွာသူကျေးရွာသားများ တပိုင်တနိုင်အသေးစား စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများကို အတိုးနှုန်း သက်သာစွာ ထုတ်ချေးပေးထားပြီး အဆိုပါ စီမံကိန်းရန်ပုံငွေများ မပျောက်ပျက်အောင် ထိန်းသိမ်းရန်နှင့် စာရင်းဇယားများ စနစ်တကျဆောင်ရွက်ရန် ကျေးရွာ၏ စီမံကိန်းလုပ်ငန်းအဖွဲ့မှာ အလွန်အရေးပါ ကြောင်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ပရဟိတစိတ်အပြည့်ဖြင့် သမာသမတ်ကျကျ ဆောင်ရွက်နိုင်မည့်သူများကိုသာ ရွေးချယ်ပေးစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

‎‎ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းလုပ်ငန်းအဖွဲ့ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကျေးရွာသူ/သားများ၏ တာဝန်ဝတ္တရားများ၊ ကျေးရွာမှဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းပြောကြား ခဲ့ကြောင်း သိရသည်။

‎‎ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ‌ရပ်မိရပ်ဖများနှင့် ကျေးရွာသူ/သားများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အမှန်တကယ်ဆောင်ရွက်နိုင်မည့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့ဝင် ၇ ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်