"တောင်တွင်းကြီးမြို့နယ် ရွာမနားကျေးရွာ ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)လည်ပတ်ရန်ပုံငွေထုတ်ချေး"
တောင်တွင်းကြီး၊စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့နယ် ရွာမနားကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)အရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယအကြိမ်ထုတ်ချေးခြင်းကို (၂၈-၉-၂၀၂၅)ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းကြောင့် နေကြာအပါအဝင် အခြားဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများလိုအပ်လျက်ရှိသည့်မျိုးစေ့၊သွင်းအားစုနှင့်စိုက်ပျိုးစရိတ်များဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ချေးငွေများထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် အမှန်တကယ်နေကြာအဓိကထား စိုက်ပျိုးကြစေလိုကြောင်းရှင်းလင်းပြောကြားပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းများက လစဥ်ဖြည့်သွင်းရမည့်စာရင်းဇယားများအား စနစ်တကျဖြည့်သွင်းထားစေလိုကြောင်း၊အရင်းအတိုးများပေးဆပ်ရာတွင်လည်းသတ်မှတ်ကာလအတွင်း အလေးထား ပေးဆပ်စေလိုကြောင်းဆွေးနွေးပြောကြားသည်။
    ထို့နောက်မြို့နယ်ဦးစီးမှူးဦးခုတ်မွန်းလျန်၊စီမံကိန်းတာဝန်ခံဝန်ထမ်းများနှင့်မြစိမ်း ရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ) လုပ်ငန်းအဖွဲ့ဝင်များက ရွာမနားကျေးရွာရှိနေကြာအပါအဝင်အခြားဆီထွက်သီးနှံစိုက်ပျိုးသော  တောင်သူဦးရေ ၇၉ဦးတို့အတွက်ငွေကျပ်၂၂၉သိန်းထိ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်