ပွင့်ဖြူမြို့နယ် ပွင့်ဖြူ-ညောင်ပင်ရွာလမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်း မြေထိန်းနံရံ(၄)စင်းတည်ဆောက်နေမှု စစ်ဆေး
************************************************************************
ပွင့်ဖြူ စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပွင့်ဖြူ-ညောင်ပင်ရွာလမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်း မြေထိန်းနံရံ(၄)စင်း တည်ဆောက်နေမှု အခြေအနေများကို စက်တင်ဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ် တာဝန်ခံအင်ဂျင်နီယာနှင့် ဝန်ထမ်းများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပွင့်ဖြူ-ညောင်ပင်ရွာလမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်း မြေထိန်းနံရံ(၄)စင်း တည်ဆောက်နေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး လိုအပ်သည်များ မှာကြားခဲ့သည်။
အဆိုပါ ပွင့်ဖြူ-ညောင်ပင်ရွာလမ်းပေါ်ရှိ ပေ ၄၀ တံတားချဉ်းကပ်လမ်းဘေးဝဲ/ယာတွင် အရှည်ပေ ၅၀ရှိ မြေထိန်းနံရံ(၄)စင်းတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၁၂၁ ဒသမ ၉၂သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများ စုဖွဲ့၍ ဇူလိုင် ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၆၀ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်