Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းဖြတ်မြို့နယ် အင်ပါကူ(အင်ပါဆန်း) ကျေးရွာ၌ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း နှင့် စပ်ဆက်လုပ်ငန်းများ ဆောင်ရွက်နေမှုစစ်ဆေး


29 Sep,2025

မိုင်းဖြတ်မြို့နယ် အင်ပါကူ(အင်ပါဆန်း) ကျေးရွာ၌ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း နှင့် စပ်ဆက်လုပ်ငန်းများ  ဆောင်ရွက်နေမှုစစ်ဆေး 

‎မိုင်းဖြတ် စက်တင်ဘာ ၂၉
‎ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်မိုင်းဖြတ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများသန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိစေရန်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ခု၊ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၆၆  ဒသမ ၂၈  သန်း ဖြင့် ဆောင်ရွက်သည့်အင်ပါကူ(အင်ပါဆန်း)ကျေးရွာ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းနှင့် စပ်ဆက်လုပ်ငန်းများ  လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို စက်တင်ဘာ လ ၂၇ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။           
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းဖြတ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်မေလွင်နှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာ ရေပေးရေးကော်မတီဝင်များနှင့်အတူ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းနှင့် စပ်ဆက်လုပ်ငန်းများ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို   ကွင်းဆင်းစစ်ဆေးပြီး စောမွန်သစ်ကုမ္ပဏီတာဝန်ခံအင်ဂျင်နီယာက  လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြမှုအပေါ် မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်က   သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး ဆောင်ရွက်သွားရန်နှင့်  လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။           
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ မိုင်းဖြတ်မြို့နယ်အတွင်း  အရှည် ၁၀၅၆၀ ပေ ‌ရေပိုက်သွယ်တန်းခြင်းနှင့်  ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ အိမ်သုံးမီတာ တပ်ဆင်ခြင်းနှင့် မီတာခန်းတည်ဆောက်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ‌၆၆ ဒသမ ၂၈ သန်းဖြင့်  စောမွန်သစ်ကုမ္ပဏီမှ ယခုနှစ် စက်တင်ဘာ ပထမပတ်က စတင်၍  တာဝန်ယူ‌ဆောင်ရွက်လျက်ရှိရာ ယခုအခါ  လုပ်ငန်း ဆောင်ရွက်မှုမှာ ၄၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ပါကြောင်း မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်ပြောပြ၍ သိရသည်။           
‎‎ဇင်မာ 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်