သရက်ခရိုင်အတွင်းရှိ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများကွင်းဆင်းစစ်ဆေး
************************************************************************
သရက် စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေကျပ် ၁၅၄၂ ဒသမ ၃၈သန်းဖြင့် ဆောင်ရွက် လျက်ရှိသော ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့က မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမိုးထိုက်နှင့် ခရိုင်၊ မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သရက်မြို့နယ် သရက်-ကံမလမ်းမှ သဲဖြူ-ပိဿလိမ်း လမ်းပေါ်တွင် ပေ ၁၄၀ ရေကျော်ဆက်ခြင်း၊ ပြရေ-ပုထိုးလမ်းပေါ်တွင် ပေ ၂၅၀ မြေထိန်းနံရံ တည် ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ အောင်လံမြို့နယ် အောင်လံ-ကျောက်ပန်းတောင်း-သမ္ဘူလလမ်းမှ ရွှေပန်း တောလေး လမ်း(၀/၄)မိုင် ကွန်ကရစ်ခင်းခြင်း၊ ကန်နှစ်ဆင့်-ရေနံကြီးလမ်းပေါ်ရှိ ကြေးနီချောင်းကူး တံတား ပေ ၂၀၀ တည်ဆောက်ခြင်းလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဆင်ပေါင်ဝဲမြို့နယ် ဆင်ပေါင်ဝဲ-ကိုးပင်လမ်းနှင့် ကျွဲခြံကျေးရွာသို့ဆက်သွယ်သော လမ်း(၀/၆)မိုင် ကတ္တရာခင်းခြင်း၊ သမန်းကြီး-မကြီးကုန်း-ညောင်လှလမ်းပေါ်၌ ပေ ၁၅၀ ရေကျော်ဆက်ခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြမှုအပေါ် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမိုးထိုက်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။
အဆိုပါကျေးလက်လမ်း၊ တံတားလုပ်ငန်းများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တင်ဒါအောင်ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းပြီးစီးပါက ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသထုတ်ကုန်၊ ထွက်ကုန်များ အချိန်မီသယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆက်လူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်