မြိတ် စက်တင်ဘာ ၂၅
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မြိတ်မြို့နယ်ရှိ ကျေးရွာအဝင်လမ်းနှင့် ကျေးရွာချင်းဆက်လမ်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထိုသို့စစ်ဆေးရာတွင် အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများသည် အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင်များနှင့်အတူ မြိတ်မြို့နယ် စလွန်းကျေးရွာအဝင်လမ်း အရှည်(၀/၆ ဒသမ ၉၂)မိုင် အကျယ် ၁၂ ပေ ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်း၊ တောင်ကြီး-တောင်ဖီလာ ကျေးရွာချင်းဆက်လမ်း အရှည်(၀/၅)မိုင် အကျယ် ၁၂ ပေ ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်း၊ စလွန်း-တောင်ဖီလာကျေးရွာ ချင်းဆက်လမ်း အရှည်(ဝ/၄)မိုင် အကျယ် ၁၂ ပေ ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်းနှင့် မရင်းငယ်ဖျား-ရွှေဒူးလမ်း အရှည်(၀/၂)မိုင် အကျယ် ၁၂ ပေ ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်