Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်လမ်းဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး


26 Sep,2025

ကျောက်ဆည် စက်တင်ဘာ၂၅

            သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးလှခိုင်၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်း ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၁၂၃ ဒသမ ဝ၉ သန်းဖြင့် Winner Myanmar Company မှ တာဝန်ယူဆောင်ရွက်သည့် ဖျောက်ဆိပ်ပင်ကျေးရွာအဝင်လမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းနှင့် မန္တလေးတိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၈၇ ဒသမ ၂၃ သန်းဖြင့် ဌာနမှ ဆောင်ရွက်လျက်ရှိသည့် သပြေသာ-ပင်တလည်-ပတ္တာလမ်း. ကျောက်ရောမြေခင်းခြင်းလုပ်ငန်းများ သတ်မှတ်အရည်အသွေး ပြည့်မီကောင်းမွန်အောင် ဆောင်ရွက်ရန်မှာကြားခဲ့ပြီး အဆိုပါလမ်းများ ဆောင်ရွက်ပြီးပါက ကျေးရွာ ကိုးရွာအတွက် အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

(၄၈၅)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်