နေပြည်တော်၊ စက်တင်ဘာ ၂၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် ဖွင့်လှစ်သည့် Digital Knowledge, Attitude and Practice Training သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများတက်ရောက်ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ်(စီမံ)က အဖွင့်အမှာစကားပြောကြားရာ ယခုသင်တန်းတွင် ဒစ်ဂျစ်တယ်နည်းပညာ (Digital Technology)၊ ဒစ်ဂျစ်တယ်စီးပွားရေး (Digital Economy)၊ ဒစ်ဂျစ်တယ်လုံခြုံရေး (Digital Security)နှင့် ပတ်သက်သည့် အသိပညာ၊ ဗဟုသုတများနှင့် မိမိတို့ဌာနမှာ ရေးဆွဲထားပြီးဖြစ်တဲ့ e-Commerce Website နှင့် Online Registration Website များကို လုပ်ငန်းရှင်များ နားလည်သိရှိအောင် website ဝင်ရောက်နည်း၊ Online မှတ်ပုံတင်လျှောက်ထားနည်း၊ လုပ်ငန်းအချင်းချင်းချိတ်ဆက်နည်း၊ Online ဈေးရောင်းချနည်းများကို ပြန်လည်အသုံးချနိုင်အောင် နည်းပြများက ဆွေးနွေးပို့ချပေးသွား မည်ဖြစ်ပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာသည် စီးပွားရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် လိုအပ်သည့် နည်းပညာတစ်ခုဖြစ်ခြင်းကြောင့် ယခုသင်တန်းမှ ရရှိသောအသိပညာ ဗဟုသုတများကို မိမိတို့၏ စီးပွားရေးလုပ်ငန်းနယ်ပယ်များမှာ လက်တွေ့ကျကျအသုံးပြု၍ လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ယခုဖွင့်လှစ်သော သင်တန်းတွင် ဒီဂျစ်တယ်အသိပညာ၊ ခံယူချက်နှင့် အလေ့အကျင့် ဆိုင်ရာမြှင့်တင်ခြင်း နည်းပညာ၊ Cyber Security နှင့်ပတ်သက်၍ သိကောင်းစရာများ၊ သုံးစွဲသူများအတွက် သိသင့်သည့် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများ၊ ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချသူများအနေဖြင့် Online စနစ်ဖြင့် ရောင်းချရာတွင် မှတ်ပုံတင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများနဲ့ အခြားသိမှတ်ဖွယ် ရာများ၊ SSID e-Commerce Website တွင်အသုံးပြုနိုင်မည့် Function များနှင့် လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများနဲ့ SSID Online Registration Website ဝင်ရောက်နည်း၊ လျှောက်လွှာတင်နည်းများ၊ အသုံးပြုနိုင်မည့် Function များနှင့် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်