မြိတ် စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူတို့၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ခရိုင်ဦးစီးမှူးများနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်တို့သည် ယမန်နေ့က မြိတ်ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနရုံးတွင် တွေ့ဆုံဆွေးနွေးပြီး ကျေးလက်နေပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသော ကျေးရွာအဝင်လမ်းနှင့် ကျေးရွာချင်းဆက်လမ်း တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။
တွေ့ဆုံရာ၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်စေရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာနရှိ ဦးစီးဌာနများ ညှိနှိုင်းပေါင်းစပ်ပြီး ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများသည် ကဘင်းကျေးရွာအဝင်လမ်း အရှည်(၀/၄)မိုင် အကျယ် ၁၂ ပေ ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်း၊ လက်ခုပ်တောင်-ဆလင် ကျေးရွာချင်းဆက်လမ်း အရှည် (၀/၅) မိုင် အကျယ် ၁၂ ပေ ကွန်ကရစ်လမ်းသစ်ခင်းခြင်းလုပ်ငန်းနှင့် လွတ်လွတ်ကျေးရွာအဝင်လမ်း အရှည်(၀/၄)မိုင် အကျယ် ၁၂ ပေ ကွန်ကရစ်လမ်း သစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်