ချောက် စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ချောက်- မကွေးကားလမ်းမကြီးမှ ရေတွင်းချိုင့်ကျေးရွာအဝင်လမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်း မြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှု အခြေအနေများကို စက်တင်ဘာလ ၂၆ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ချောက်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးလဲ့လဲ့စိုးနှင့် တာဝန်ခံအင်ဂျင်နီယာများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ချောက်မြို့နယ် ချောက်-မကွေးကားလမ်းမကြီးမှ ရေတွင်းချိုင့်ကျေးရွာအဝင်လမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်း မြေကာနံရံတည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
အဆိုပါ ချောက်မြို့နယ် ချောက်-မကွေး ကားလမ်းမကြီးမှ ရေတွင်းချိုင့်ကျေးရွာအဝင်လမ်းပေါ်ရှိ ပေ ၂၀ တံတားချဉ်းကပ်လမ်း ဘေးဝဲ/ယာတွင် အရှည်ပေ ၁၀၀ ရှိ မြေကာနံရံတည်ဆောက်ခြင်း၊ အရှည်ပေ ၂၀၀ ချဉ်းကပ်လမ်း မြေဖို့ခြင်း၊ အရှည်ပေ ၃၀ ကျောက်ရိုးစီခြင်းလုပ်ငန်းများကို ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၉၃ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့ကာ ဇူလိုင်လ စတုတ္တပတ်မှစ၍ လုပ်ငန်းများဆောင်ရွက်ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်သည်။
အဆိုပါ တံတားချဉ်းကပ်လမ်းမြေကာနံရံတည်ဆောက်ပြီးစီးခြင်းကြောင့် ရေတွင်းချိုင့်ကျေးရွာရှိ ဒေသခံပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစွာ သွားလာနိုင်ကြောင်း သိရသည်။
သန်းလွင်(မကွေး)
                        
 
                      Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်