Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"ဖျာပုံမြို့နယ် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ အဆင့်မြင့်အပ်ချုပ် စက် သင်တန်းဆင်းပွဲကျင်းပ"


29 Sep,2025

"ဖျာပုံမြို့နယ် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ အဆင့်မြင့်အပ်ချုပ် စက် သင်တန်းဆင်းပွဲကျင်းပ"


   ဖျာပုံ၊စက်တင်ဘာ ၂၉

 ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကကျေးလက်နေအမျိုးသမီးများအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေများတိုးပွားစေရန်ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဖျာပုံမြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
   ရှေးဦးစွာ ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးထက်အောင်နှင့် ဖျာပုံ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမောင်မောင်ဝင်းတို့ကသင်တန်းဆင်းအမှာစကားပြောကြားသည်။
 ဆက်လက်၍ ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးအောင်မြတ်က သင်တန်းသူများအနေဖြင့်သင်တန်းက သင်ကြားပေးသောအတတ်ပညာများကို စဉ်ဆက်မပြတ်ဆက်လက်လေ့လာပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိအသုံးပြုကာ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြား သည်။
ထို့နောက် တက်ရောက်လာကြသော ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထက်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်တန်းသူ များအား သင်တန်းထူးချွန်ဆုနှင့် သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းသို့ ဖျာပုံမြို့နယ်ကျုံကူကျေးရွာ၊တူးမြောင်းကျေးရွာ၊ရှမ်းကွင်းကျေးရွာနှင့်ကျုံတာကျေးရွာများမှသင်တန်းသူဦးရေ ၂၀ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် အဆင့်မြင့်အပ်ချုပ်စက်အသုံးပြုနည်းအမျိုးမျိုး၊အမျိုးသမီးဝတ်၊အမျိုးသားဝတ်အင်္ကျီချုပ်ပုံအမျိုးမျိုး၊ကလေးဝတ်အင်္ကျီ၊ကလေးဝတ်ဘောင်းဘီနှင့်ကလေးဝတ်ဂါဝန်ချုပ်ပုံအမျိုးမျိုးတို့ကို ကျွမ်းကျင်ဆရာမများက  စာတွေ့၊လက်တွေ့ ဖြင့် ဩဂုတ်လ ၁၅ရက်နေ့မှ စက်တင်ဘာလ ၂၉ရက်နေ့ထိ ၄၅ရက်ကြာ အခမဲ့ သင်ကြားပို့ချပေးခဲ့ကြောင်း ဖျာပုံမြို့နယ်ကျေး လက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြတ်က ပြောပြ၍ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်