ဖျာပုံမြို့နယ် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲကျင်းပ
ဖျာပုံ၊ စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေအမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေများ တိုးပွားစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၉)ရက်နေ့နံနက်ပိုင်းက ဖျာပုံမြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထက်အောင်နှင့် ဖျာပုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမောင်မောင်ဝင်းတို့က သင်တန်းဆင်းအမှာစကားပြောကြားသည်။
ဆက်လက်၍ ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြတ်က သင်တန်းသူများအနေဖြင့်သင်တန်းက သင်ကြားပေးသောအတတ်ပညာများကို စဉ်ဆက်မပြတ်ဆက်လက်လေ့လာပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိအသုံးပြုကာ မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထက်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းသို့ ဖျာပုံမြို့နယ် ကျုံကူကျေးရွာ၊ တူးမြောင်းကျေးရွာ၊ ရှမ်းကွင်းကျေးရွာနှင့် ကျုံတာကျေးရွာများမှသင်တန်းသူဦးရေ ၂၀ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် အဆင့်မြင့်အပ်ချုပ်စက်အသုံးပြုနည်းအမျိုးမျိုး၊ အမျိုးသမီးဝတ်၊ အမျိုးသားဝတ်အင်္ကျီချုပ်ပုံအမျိုးမျိုး၊ ကလေးဝတ်အင်္ကျီ၊ ကလေးဝတ်ဘောင်းဘီနှင့်ကလေးဝတ်ဂါဝန်ချုပ်ပုံအမျိုးမျိုးတို့ကို ကျွမ်းကျင်ဆရာမများက  စာတွေ့၊လက်တွေ့ ဖြင့် ဩဂုတ်လ ၁၅ရက်နေ့မှ စက်တင်ဘာလ ၂၉ရက်နေ့ထိ ၄၅ရက်ကြာ အခမဲ့ သင်ကြားပို့ချပေးခဲ့ကြောင်း ဖျာပုံမြို့နယ်ကျေး လက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြတ်က ပြောပြ၍ သိရသည်။
နွဲ့ယဥ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်