Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မော်လမြိုင်)သို့ ကွင်းဆင်းကြည့်ရှု


29 Sep,2025

ပေါင် စက်တင်ဘာလ ၂၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာ၊ ရွှေထူးလေး လယ်ယာနှင့်အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ဧက(၂၉၅)ဧကတွင် ပျိုးထောင်စနစ်ဖြင့် စိုက်ပျိုးထားရှိသော ဂျပန်ရွှေဝါထွန်းမျိုးစပါး စိုက်ပျိုးထားရှိမှုကို သမဝါယမဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်ဝင်းမောင်နှင့် တာဝန်ရှိသူများသည် ကွင်းဆင်းကြည့်ရှုပြီး မိုးစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မိုးစပါးများရိတ်သိမ်းပြီးပါက လာမည့်နွေရာသီတွင် နွေစပါးများ စိုက်ပျိုးချိန်အမီ စိုက်ပျိုးနိုင်ရေးနှင့် အထွက်တိုးမျိုးများ ရွေးချယ် စိုက်ပျိုးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်း (မော်လမြိုင်)သို့သွားရောက်ပြီး ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့်တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများ၏ နေထိုင်စားသောက်ရေး၊ ပညာသင်ကြားမှုအခြေအနေ များနှင့်စပ်လျဉ်း၍ အဆင်ပြေချောမွေ့စေရေး၊ ကျောင်းသား၊ ကျောင်းသူများမှပညာကို ထူးချွန်အောင် ကြိုးစားသင်ယူပြီး သမဝါယမတက္ကသိုလ်၊ ကောလိပ်များသို့ ပေါင်းကူးတက်ရောက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ လက်ရှိတွင် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်း ကျောင်း(မော်လမြိုင်)၌ ပထမနှစ်၊ ဒုတိယနှစ် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၂)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်