မိတ္ထီလာ စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ကျေးရွာသွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးသည်။
မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ မိတ္ထီလာခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်နှင်းနှင်းအိလှိုင်တို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိတ္ထီလာ- သာစည်လမ်းမှ စက်ပစ်တောင်ကျေးရွာသွားလမ်းအား တိုင်းဒေသကြီးရန်ပုံငွေကျပ်သန်း ၁၃၅ ဒသမ ၃၂၀ ဖြင့် ရွှေရောင်လွင်ပြင်ကုမ္ပဏီမှ အရှည် ၀/၂ မိုင်၊ အကျယ် ၁၂ ပေ၊ ဒု ခုနစ်လက်မရှိ ကွန်ကရစ်လမ်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေကို ကွင်းဆင်းစစ်ဆေးရာ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်