ဇေယျာသီရိ စက်တင်ဘာ ၂၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်း၊ တံတားလုပ်ငန်းခွင်များသို့ ယနေ့ နံနက်ပိုင်းတွင် အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးဆောင်၍ ဦးစီးအရာရှိ(မြို့ပြ) မွမ်းမံသင်တန်းသား သင်တန်းသူများက ကွင်းဆင်းလေ့လာကြည့်ရှုခဲ့သည်။
ထိုသို့ ကွင်းဆင်းလေ့လာရာတွင် အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးဇော်မိုးဦးက သင်တန်းသား သင်တန်းသူများအား လမ်းဒီဇိုင်းပုံထုတ်ခြင်းနှင့် မြေပြင်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စံချိန်စံညွှန်းနှင့်အညီ စနစ်တကျဖြစ်စေရေး လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်