Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖျာပုံမြို့နယ် ရှမ်းကွင်းကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု စစ်ဆေး


02 Oct,2025

ဖျာပုံမြို့နယ် ရှမ်းကွင်းကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု စစ်ဆေး
ဖျာပုံ၊အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅- ၂၀၂၆ခု ဘဏ္ဍာရေးနှစ်တွင် ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု၊ ရှမ်းကွင်းကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးလုပ်ငန်းစီမံကိန်း (Smart Village)ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအ​ခြေအနေများကို တာဝန်ရှိသူများက အောက်တိုဘာ ၁ရက်နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်၊ ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထက်အောင်၊ ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြတ်နှင့်ဝန်ထမ်းများကဖျာပုံကျေးရွာမှ   ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် စာကြည့်တိုက်ပြုပြင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်မြတ်က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာညွန်ကြားရေးမှူး ဦးနေထက်ရှိန်က ကျေးရွာရှိဘုန်းတော်ကြီးကျောင်း၌ ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံပြီး ခေတ်မီစံပြကျေးရွာထူထောင်ရေးလုပ်ငန်းစီမံကိန်း(Smart Village)တွင် ပါဝင်သော ကဏ္ဍကြီး( ၆)ရပ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးပြောကြားပြီး ကျေးရွာ၏ တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ် ရှမ်းကွင်းကျေးရွာ၌ အရှည် ၁၉၀ပေ၊ အကျယ် ၆ပေ၊ အမြင့် ၆လက်မအတိုင်းအတာရှိ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် အလျား ၂၄ပေ ၆လက်မ၊အနံ ၁၆ပေ ၈လက်မ၊ အမြင့် ၈ပေ၄လက်မ အတိုင်းအတာရှိ စာကြည့်တိုက်ပြုပြင်ခြင်းလုပ်ငန်းများကို ခေတ်မီစံပြကျေးရွာထူထောင်ရေးလုပ်ငန်းစီမံကိန်း(Smart Village) ရန်ပုံငွေကျပ် ၁၃၅သိန်းဖြင့် ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ ဩဂုတ်လ ဒုတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ၉၀ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဖျာပုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
နွဲ့ယဥ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်