Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျွန်းစုမြို့နယ်၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်


30 Sep,2025

မြိတ် စက်တင်ဘာ ၂၉

        တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် ကမ်းကြီးကျေးရွာအုပ်စုရှိ သန္တာကျွန်းကျေးရွာပတ်လမ်းအား မြေသားပြုပြင်၍ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ငွေကျပ်သန်း ၃၀၀ ကျော်ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဩဂုတ်လမှ စတင်ဆောင်ရွက်လျက်ရှိသည်။

        မြေသားပြုပြင်ပြီး ကွန်ကရစ်လမ်းလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာပတ်လမ်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြိတ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာတို့က ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

        အဆိုပါလမ်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၃၀၄ ဒသမ ၃၀၇ သန်းဖြင့် ကျေးရွာပတ်လမ်း (၂/၀)မိုင်ရှိသည့်အနက် (၀/၄.၅၄)မိုင်မှ (၁/၀.၀၇)မိုင်အထိ လမ်းအပိုင်းအား မြေသားပြုပြင်၍ အကျယ် ၁၂ ပေ၊ ဒု ခုနစ်လက်မ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်