အင်္ဂပူ အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ဘုရားငုတ်တိုကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ချစ်ပန်းနေကြာ၊ မြေပဲစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသား များအား မြေပဲပန်းတိုင်အထွက်နှုန်းရရှိရေး ရုရှားသဘာဝမြေဩဇာ (Ruma Organic) ဆေးများ အသုံးပြုပုံ အဆင့်ဆင့်အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးမှူး ဦးကျော်စိုးမင်းက ဆီထွက်သီးနှံဖူလုံ စေရေး မြေပဲပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရုရှားသဘာဝမြေဩဇာ(Ruma Organic) ဆေးများ အသုံးပြုပုံ အဆင့်ဆင့်ကို တောင်သူများအားပညာပေးဆွေးနွေးခဲ့ပြီး မြေပဲစိုက်ပျိုးသည့် တောင်သူ (၃)ဦး၏ မြေပဲစိုက်ခင်း(၁၀)ဧကတွင် စမ်းသပ်စိုက်ပျိုးရန်အတွက် ရုရှားနိုင်ငံမှ Ruma Organic သဘာဝမြေဩဇာများအား(အခမဲ့) ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆေးဖြန်းမှုအား ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးမှူး ဒေါ်မို့မို့ခိုင်နှင့်ဝန်ထမ်းများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ချစ်ပန်းနေကြာ မြေပဲစိုက်ပျိုးထုတ်လုပ်ရေးသမအသင်းသားများတက် ရောက်ခဲ့ ကြောင်းသိရသည်။
မန်းကျော်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်