မိုင်းဖြတ်မြို့နယ် အင်ပါကူ(အင်ပါဆန်း) ကျေးရွာ၌ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း နှင့် စပ်ဆက်လုပ်ငန်းများ ဆောင်ရွက်နေမှု စစ်ဆေး
မိုင်းဖြတ် အောက်တိုဘာ ၁၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၆၆ ဒသမ ၂၈ သန်း ဖြင့် ဆောင်ရွက်သည့် အင်ပါကူ(အင်ပါဆန်း)ကျေးရွာ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း နှင့် စပ်ဆက်လုပ်ငန်းများ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို အောက်တိုဘာ ၉ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
 ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တာချီလိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အမာလွင်၊ မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်နှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာရေပေးရေးကော်မတီဝင်များနှင့်အတူ ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းနှင့် စပ်ဆက်လုပ်ငန်းများ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး စောမွန်သစ်ကုမ္ပဏီတာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်း တင်ပြမှုအပေါ် တာချီလိတ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အမာလွင်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
 ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ မိုင်းဖြတ်မြို့နယ်အတွင်း အရှည် ၁၀၅၆၀ ပေ ရေပိုက်သွယ်တန်းခြင်းနှင့် ဂါလံ ၅၀၀၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်း၊ အိမ်သုံးမီတာတပ်ဆင်ခြင်းနှင့် မီတာခန်းတည်ဆောက်ခြင်း လုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၆၆ ဒသမ ၂၈ သန်းဖြင့် စောမွန်သစ်ကုမ္ပဏီမှ ယခုနှစ် စက်တင်ဘာ ပထမပတ်က စတင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ ၆၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ပါကြောင်း မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင် ပြောပြ၍ သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်