Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"သနပ်ပင်မြို့နယ် စွန်ပိကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး"


08 Oct,2025

"သနပ်ပင်မြို့နယ် စွန်ပိကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ စစ်ဆေး"

သနပ်ပင်၊အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စွန်ပိကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကိုယနေ့  နံနက်ပိုင်း ကတာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ် ဦးစီးမှူးဒေါ်ကေသီထွန်း နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများ စွန်ပိကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ချေးငွေစာချုပ်ပါအတိုင်းအမှန်တကယ်လုပ်ငန်းဆောင်ရွက်မှုရှိ၊မရှိကိုလည်းကောင်း ၊စာရင်းဇယားများဆောင် ရွက်ထားရှိမှု အခြေအနေများကိုလည်း ကောင်းကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၈၉ဦးကိုငွေကျပ် ၃၀သန်း၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၂ဦးကို ငွေကျပ်ခုနစ်သန်း၊ရေလုပ်ငန်းလုပ်ကိုင်သူ ၁၃ဦးကိုငွေကျပ် ၂ဒသမ ၈၆သန်း၊အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၃၃ဦးကိုငွေကျပ် ၇ဒသမ ၅၈သန်း၊အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၂၃ဦးကိုငွေကျပ် ၆ဒသမ ၁၆သန်း၊စုစုပေါင်းအသင်းသား ၊အသင်းသူ ၁၉၀ဦးကိုမြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၃ဒသမ ၆သန်းထိထုတ်ချေးပေးထားကြောင်းသနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက ပြောပြ၍ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်