မအူပင် အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်အတွင်း ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်၌ မအူပင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက အင်ဂျင်နီယာချုပ်(မြို့ပြ)၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (နေပြည်တော်)မှ ဦးကျော်ကျော်ထွေးက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
မအူပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် သောင်တန်း-တံခွန်တိုင်- မီးသွေးချောင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မအူပင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မအူပင်မြို့နယ်ဦးစီးအရာရှိ(မြို့ပြ)(တာဝန်)တို့က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး အင်ဂျင်နီယာချုပ်(မြို့ပြ)က လုပ်ငန်းများကို အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်