ဖြူး အောက်တိုဘာ ၁၃
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဆောင်းဆီထွက်သီးနှံမြေပဲစိုက်ပျိုးမည့် သမဝါယမအသင်း(၆)သင်းမှ အသင်းသားတောင်သူ(၂၄)ဦး၏ စိုက်ဧက ၇၀၀ အတွက် အသင်းပိုင်အစီအစဉ်ဖြင့် တစ်ဧကလျှင် ငွေကျပ် ၃ သိန်းနှုန်းနှင့်ညီမျှသော မြေပဲမျိုးနှင့် သွင်းအားစုများပေးအပ်ပွဲကို ယမန်နေ့က ဖြူးမြို့နယ်၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံသမဝါယမအသင်း ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်၍ ဖြူးမြို့နယ်သမဝါယမဦးစီးဌာန၊ တာဝန်ရှိသူက ဆောင်းဆီထွက်သီးနှံ(မြေပဲ) စိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စနစ်တကျဆောင်ရွက်ရမည့် စိုက်ပျိုးရေးဆိုင်ရာ နည်းလမ်းများအား ဆွေးနွေးပြောကြားပြီး တာဝန်ရှိသူများက သမဝါယမအသင်းသားတောင်သူများ အတွက် မြေပဲနှင့်သွင်းအားစုများပေးအပ်ခဲ့ကြောင်း သိရသည်။
                        Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်