ဖျာပုံ အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဖျာပုံ-အပြောင်-ကျီးနှစ်ပင်ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အပြောင်ချောင်းကူးကွန်ကရစ်တံတားဆောင်ရွက်နေမှုကို အောက်တိုဘာ ၁၁ ရက်က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ တံတားတည်ဆောက်ရေးအဖွဲ့ (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ဇော်မင်း၊ ဖျာပုံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမိုးမြင့်နှင့် တာဝန်ရှိသူများက ဖျာပုံ-အပြောင်-ကျီးနှစ်ပင်ကျေးရွာချင်းဆက်လမ်းပေါ်ရှိ အပြောင်ချောင်းကူး ကွန်ကရစ်တံတား ပေ ၁၂၀ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစွာဖြင့် ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်