ဝါးခယ်မ အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကြခတ်ကုန်းကျေးရွာအုပ်စု ကြခတ်ကုန်း - ကျောင်းစု - ကလ ကျေးရွာချင်းဆက်လမ်းပေါ်တွင်တည်ရှိသော ကြခတ်ကုန်းတံတားတည်ဆောက်နေမှုကို ယမန်နေ့ မွန်းလွဲပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကြခတ်ကုန်းတံတားသည် အရှည်ပေ ၆၀၊ အကျယ်ပေ၂၀ ရှိ သံကူကွန်ကရစ်တံတားဖြစ်ပြီး ရာခိုင်နှုန်းပြည့် တည်ဆောက်ပြီးစီးမှု အခြေအနေကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေး၊ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)တို့က ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကိုမှာကြားသည်။
အဆိုပါ ကြက်ခတ်ကုန်းတံတား တည်ဆောက်ပြီးစီးမှုကြောင့် ကျေးရွာ ၃၀၊ အိမ်ခြေ ၁၅၀၀ နှင့် လူဦးရေ ၅၂၅၀ တို့၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်