Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပူတာအိုမြို့နယ်၌ ကျေးရွာချင်းဆက်လမ်းများ သဲကျောက်ခင်း


14 Oct,2025

ပူတာအို အောက်တိုဘာ ၁၃

            ကချင်ပြည်နယ် ပူတာအိုခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ကျေးရွာချင်းဆက်လမ်းများ သဲကျောက်ခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေကို တာဝန်ရှိသူများက ယနေ့ညနေပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

           ထို့နောက် ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ခံအင်ဂျင်နီယာ ဦးသော်ဇင်ဦးနှင့် အတူ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်းပေါင်း ၈၂၁ ဒသမ ၀၃၆ သန်းဖြင့် ဆောင်ရွက်သည့် ပူတာအိုမြို့နယ် ပမ္မတီးကျေးရွာ နှင့် ဂျေဂျီဒီကျေးရွာချင်းဆက်သွယ်ထားသော လမ်းအရှည် နှစ်မိုင်အား လမ်းအကျယ် ၁၈ ပေ၊ ဒုခြောက်လက်မဖြင့် သဲကျောက်ခင်းခြင်းလုပ်ငန်းကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လမ်းခင်းခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်းပေါင်း ၄၆ဝ ဒသမ ၄၃၈ သန်းဖြင့် ပူတာအိုမြို့နယ် နမ်ရှယ်ရှီးဒီကျေးရွာနှင့် နမ်ရှယ်ဇွပ်ကျေးရွာချင်းဆက်သွယ်သော လမ်းအရှည် တစ်မိုင် တစ်ဖာလုံအား သဲကျောက်လမ်းခင်းခြင်းလုပ်ငန်းကို JSJ ကုမ္ပဏီက လမ်းခင်းခြင်းလုပ်ငန်း ၂၅ ရာခိုင်နှုန်းပြီးစီးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။

             ထိုသို့ ကွင်းဆင်းစစ်ဆေးစဉ် ခရိုင်ဦးစီးမှူး ဦးဗိုလ်ဗိုလ်ကျော်က ကျေးရွာများအတွက် အမှန်တကယ် ရေရှည်အကျိုးပြုသည့် လမ်းများဖြစ်စေရေး၊ သတ်မှတ် အရည်အသွေးပြည့်မီရေး၊ အချိန်မီပြီးစီးရေးနှင့်လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတို့ကို တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။

ဖုန်ကန်(ပူတာအို)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်