မော်လမြိုင်၊ အောက်တိုဘာ ၁၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည် သင်တန်းများမှ အမှန်တကယ်ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့်သူများ အား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ် ရုံးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မွန်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများ နှင့် သင်တန်းသားများတက်ရောက်ကြပါသည်။
အဆိုပါ လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲ အခမ်းအနား၌ မွန်ပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ မိမိတို့အနေဖြင့် မွန်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဈေးကွက်ချဲ့ထွင်နိုင်ရေးနှင့် ရေရှည် ရပ်တည်နိုင်ရေးအတွက် စီးပွားရေးအလားအလာကောင်းသည့် ဝန်းကျင်ကောင်းများသို့ ချိတ်ဆက် လမ်းညွှန်ပေးမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းသစ်များ ထူထောင်ဆောင်ရွက်မည့် ထူးချွန်သင်တန်းသူများအနေဖြင့် ပံ့ပိုးပေးအပ်မည့် လုပ်ငန်းသုံးပစ္စည်းများနှင့် သင်ကြားမျှဝေ ပေးလိုက်သည့် အသိပညာ၊ အတတ်ပညာများကို ပေါင်းစပ်၍ အရည်အသွေးကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းသည့် ဘေးဥပါဒ်မဖြစ်စေသော အစားအသောက်များနှင့် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်ခြင်းဖြင့် အောင်မြင်သည့် အသေးစားကုန်ထုတ်လုပ်ငန်းရှင်များအဖြစ် လုပ်ကိုင်ဆောင်ရွက်နိုင်ကြစေလို ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဝင်ငွေတိုးစီမံကိန်းဖြင့်ဖွင့်လှစ်ခဲ့သော သင်တန်းစုစုပေါင်း(၁၂)ကြိမ်မှ သတ်မှတ်ချက်များနှင့်အညီရွေးချယ်ထားသော ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၆၀)ဦးအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် သက်ရာတာဝန်ရှိသူများက ကိုယ်ပိုင်လုပ်ငန်းထူထောင်ရာတွင် လိုအပ်သော လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
                        
 
                      
 
                      
                      Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် 
               မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် 
စုံစမ်းစစ်ဆေးတွေ့ရှိချက်