Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းဖြတ်မြို့နယ်၊ အိုက်ရီ(ပါခုံ) ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်း


14 Oct,2025

မိုင်းဖြတ်မြို့နယ်၊ အိုက်ရီ(ပါခုံ) ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်း 

‎မိုင်းဖြတ် အောက်တိုဘာ ၁၄
‎          ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ ထုတ်ကုန်၊ ထွက်ကုန်များ ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်စေရန် ရည်ရွယ်၍၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင်  အိုက်ရီ(ပါခုံ) ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှုအခြေအနေများကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 
‎          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာများက အိုက်ရီ(ပါခုံ) ကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ 
‎          မိုင်းဖြတ်မြို့နယ်၊ အိုက်ရီ(ပါခုံ) ကျေးရွာ၌ အရှည် ၂ ဒသမ ၆ မိုင် ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁ ပေ ၉ မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို   ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၁၇၆ ဒသမ ၅၁၂ သန်း ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုနှစ် ဩဂုတ်လ ၇ လ ရက်နေ့က တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ   ၅၅ ရာခိုင်နှုန်း  ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း  မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဒေါ်ခင်မေလွင်ထံမှ သိရှိရသည်။ 
ဇင်မာ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်