Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးရွာပေါင်း ၃၀ အား အကျိုးပြုသည့် ကြခတ်ကုန်းတံတား တည်ဆောက်ပြီးစီး


15 Oct,2025

ဝါးခယ်မ အောက်တိုဘာ ၁၄

            ဝါးခယ်မမြို့နယ် ကြခတ်ကုန်း-ကျောင်းစု-ကလ ကျေးရွာချင်းဆက်လမ်းပေါ်တွင်တည်ရှိသော ကြခတ်ကုန်းတံတား အရှည်ပေ ၆၀၊ အကျယ်ပေ ၂၀ သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်း (ပထမပိုင်း)လုပ်ငန်းအား ပြင်ပဆောက်လုပ်ရေးဖြင့် ဆောင်ရွက်ပြီးစီးခဲ့ပြီး တံတားတည်ဆောက်ခြင်း (ဒုတိယပိုင်း) လုပ်ငန်းအား တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆက်လက်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

              အဆိုပါ ကြက်ခတ်ကုန်းတံတား၏ စုစုပေါင်း ကုန်ကျငွေ ကျပ်သန်း ၃၂၉ ရှိပြီး တံတားတည်ဆောက်ပြီးစီးမှုကြောင့် ကျေးရွာ ၃၀ သွားလာမှုလွယ်ကူစေမည့် အပြင် လူမှုစီးပွားဘဝများ အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်