ရေနံချောင်း အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဖန်ခါးဖမ်း-သန်းပင်ကုန်း-အလယ်ကန် ကျေးရွာချင်းဆက်လမ်းပေါ်၌ ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Box Culvert နှစ်စင်းတည်ဆောက် ပြီးစီးမှုကို အောက်တိုဘာလ ၁၃ ရက် နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ရေနံချောင်းမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာ(မြို့ပြ) ဒေါ်သီဖြိုးဝေပင့်နှင့် တာဝန်ရှိသူများက ဖန်ခါးစမ်း-သန်းပင်ကုန်း-အလယ်ကန် ကျေးရွာချင်းဆက်လမ်းပေါ်၌ ကျောက်ကြီးစီကမ်းကပ်ခုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း Btx Culvert နှစ်စင်း တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာမှ ရပ်မိရပ်ဖများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီး လုပ်ငန်းအား ရေရှည်တည်တံ့ အောင် ဝိုင်းဝန်းထိန်းသိမ်း ကြရန်မှာကြားသည်။
အဆိုပါ ကျေးရွာချင်းဆက်လမ်းပေါ်၌ ကျောက်ကြီးစီကမ်းကပ်ယုံနှင့် သံကူကွန်ကရစ်ကြမ်းခင်း အရှည် ၂၄ ပေ၊ အကျယ် ၅ ပေ၊ အမြင့် ၅ ပေရှိ Bax Culvert နှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ်၂၇ သန်းအသုံးပြု၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဩဂုတ်လ ဒုတိယပတ်မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်ရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
နော်လူး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်