Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးများရိတ်သိမ်းရာတွင် ပန်းတိုင်အထွက်နှုန်း ရရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု


15 Oct,2025

နေပြည်တော် အောက်တိုဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ၊ အေးချမ်း သာယာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူများ၏ အောင်နိုင်တိုးမိုးစပါးများ ရိတ်သိမ်းနေမှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိမှု ရှိ/မရှိကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်၊ ပုဗ္ဗသီရိမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူ များက မိုးစပါးရိတ်သိမ်းနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နေပြည်တော် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးက လိုအပ်သည်များမှာကြားကာ တောင်သူများ၏ လိုအပ်ချက် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)

နေပြည်တော်ကောင်စီနယ်မြေ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်