Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြံခင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


15 Oct,2025

ကြံခင်း အောက်တိုဘာ ၁၄

         ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအား ယနေ့ နံနက်ပိုင်းတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

      ဦးစွာ ကြံခင်း-ဘက်ရဲလမ်းမှ ကြိုးကြာတန်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် Phyo Thiri Kyaw Co.,Ltd. မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်တံတား ပေ ၁၀၀ ဒုတိယပိုင်း တည်ဆောက်ခြင်းလုပ်ငန်း အခြေအနေများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး၊ တံတား တည်ဆောက်ရေးအဖွဲ့ (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ဇော်မင်း၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်နိုင်ဝင်း၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်