ဘားအံမြို့နယ် နိုင်းကြာကျေးရွာ၌ ရေရရှိရေးလုပ်ငန်းပြီးစီးမှု စစ်ဆေး
************************************************************************
ဘားအံ အောက်တိုဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် နိုင်းကြာကျေးရွာ၌ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ)ဒေါ်နန်းအဲဖောင်အွာနှင့် ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများက ရပ်မိရပ်ဖများ၊ ကျေးရွာရေရရှိရေးကော်မတီဝင်များနှင့်အတူ နိုင်းကြာကျေးရွာ၌ အကျယ် လေးလက်မခွဲ၊ အနက်ပေ၂၀၀ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ဆံ့ ရေစင်တည်ဆောက်ခြင်း၊ ရေစင်အောက်ခန်းဖွဲ့ခြင်း၊ ဆိုလာစနစ်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးအရာရှိ (နည်းပညာ)က ဆောင်ရွက်ပြီးလုပ်ငန်းအား ရေရှည်တည်တံ့အောင် ပျက်စီးမှုမရှိအောင် ကျေးရွာမှဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားခဲ့သည်။
နိုင်းကြာကျေးရွာ၌ အဆိုပါ ရေရရှိရေးလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ရန်ပုံငွေကျပ် ၅၄ ဒသမ ၂၅သန်း အသုံးပြုကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများစုဖွဲ့၍ ယခုနှစ် မေ ပထမပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဆက်လူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်