Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထားဝယ်မြို့နယ်၌ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်


16 Oct,2025

ထားဝယ်မြို့နယ်၌ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

‎*******************************

‎ထားဝယ်      အောက်တိုဘာ      ၁၆

‎‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် ပုလုကုန်း ကျေးရွာ၌ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်အပ်ချုပ်စက်သင်တန်း ဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နေ့က အဆိုပါဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

‎‎ရှေးဦးစွာ ထားဝယ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်အောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး တင်္သာရီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဒီပါထွန်းက ကျားမအခြေပြု အကြမ်းဖက်ခြင်းနှင့်ပတ်သက်၍ အသိပညာပေး ပြောကြားသည်။

‎‎ဆက်လက်၍ ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သာသာရည်က သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများနှင့် သင်တန်း ဖွင့်လှစ်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

‎ထို့နောက် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရသည်။

‎‎အဆိုပါသင်တန်းတွင် ကျွမ်းကျင်နည်းပြဆရာမများက စက်ချုပ်ခြင်းဆိုင်ရာ အဆင့်မြင့်အတတ် ပညာများကို သင်ထောက်ကူပစ္စည်းစုံလင်စွာဖြင့် စက်တင်ဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၅ ရက်နေ့အထိ တစ်လခွဲကြာ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ခဲ့ခြင်းဖြစ်ပြီး ထားဝယ်မြို့နယ်အတွင်းရှိ ပုလုကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသူ ၂၀ ဦး တက်ရောက်သင်ယူခဲ့ကြောင်း ထားဝယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်