Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် လှာကာကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး


21 Oct,2025

ဘားအံမြို့နယ် လှာကာကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး

************************************************************************

ဘားအံ   အောက်တိုဘာ    ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လှာကာကျေးရွာအုပ်စု၊ လှာကာကျေးရွာ၌ ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ)ဒေါ်နန်းအဲဖောင်အွာနှင့် ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ) ဒေါ်ခိုင်သဇင်ညိုနှင့် တာဝန်ရှိသူများက ကျေးရွာရေရရှိရေး ကော်မတီဝင်များနှင့်အတူ လှာကာကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးအရာရှိ (နည်းပညာ)က လုပ်ငန်းများ အရည်အသွေးပြည့်မီကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး လိုအပ်သည်များ မှာကြားခဲ့သည်။

လှာကာကျေးရွာ၌  အကျယ် လေးလက်မခွဲ၊ အနက်ပေ၂၀၀ရှိ စက်ရေတွင်းတူး‌ဖော်ခြင်း၊ ဂါလံ ၂၄၀၀ဆံ့ ရေစင်တည်ဆောက်ခြင်း၊ ရေစင်အောက်ခန်းဖွဲ့ခြင်း၊ ဆိုလာစနစ်တပ်ဆင်ခြင်းလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုးရရန်ပုံငွေကျပ် ၅၄ ဒသမ ၂၅သန်း အသုံးပြုကာ ဌာနမှဝန်ထမ်းများစုဖွဲ့၍ ယခုနှစ်  မေ ပထမပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၇၅ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာနေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာ ရရှိတော့မည်ဖြစ်ကြောင်း ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ဆက်လူ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်