ကျောက်ဆည် အောက်တိုဘာ ၁၆
လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိသည့် ကျောက်ဆည်မြို့နယ် ကျောက်ဆည်-တံတားဦးလမ်းမှ အနောက်ရွာတော်ကျေးရွာအဝင် လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ အနောက်ရွာတော်ကျေးရွာအဝင်လမ်းအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၈၄ ဒသမ ၁၆ သန်းဖြင့် အရှည် (၁/၃) မိုင်အား ကျောက်ချောခင်းခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းအရည်အသွေးပြည့်မီစွာဖြင့် အမြန်ဆုံးပြီးစီးရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ကာ လမ်းလုပ်ငန်းများပြီးစီးပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်