Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ်အတွင်း သက်တန့်ရောင်စီမံကိန်းရန်ပုံငွေဖြင့် နို့စားနွား မွေးမြူထားရှိမှု ကြည့်ရှုအားပေး


17 Oct,2025

မိတ္ထီလာ အောက်တိုဘာ ၁၇

 မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်သက်တန့်ရောင်စီမံကိန်းရန်ပုံငွေဖြင့် ပန်းတော် ဆက်၊ စက်ပစ်တောင်နှင့် သဲကုန်းကျေးရွာတို့ရှိ အသင်းသားတောင်သူများ၏ နို့စားနွားမွေးမြူထားရှိမှု အခြေအနေအား သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦမျိုးအောင်နှင့် အဖွဲ့သည် ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

 ထို့နောက် အသင်းသားတောင်သူများနှင့်တွေ့ဆုံပြီး သက်တန့်ရောင်စီမံကိန်း အကောင် အထည်ဖော်ရေး SOP နှင့် အညီဆောင်ရွက်ရန်၊ ၂ဝ၂၅ -၂ဝ၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေ ကျပ်သန်း ၁ဝဝ ဖြင့် ကျေးရွာကိုအခြေပြု၍ ချထားပေးခြင်းဖြစ်ကြောင်း၊ မိမိတို့မွေးမြူထား သည့် နွားများအားစနစ်တကျမွေးမြူဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြား သည်။ အဆိုပါ ကျေးရွာ မှ အသင်း(၃)သင်းရှိ အသင်းသား ၂၁ ဦးသည် ဖီရှန်နို့စားနွား မဒန်း ၂၅ ကောင်၊ ဇီးပါနွား ၂၅ ကောင် စုစုပေါင်း နို့စားနွား အကောင် ၅ဝ မွေးမြူထားကြောင်းသိရသည်။ 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်