ညောင်လေးပင် အောက်တိုဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် သမဝါယမအသင်းမှ ဆောင်းထွက်သီးနှံ(မြေပဲ) စိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်သော သမဝါယမအသင်းသားတောင်သူ များသို့ သွင်းအားစုပေးအပ်ပွဲအခမ်းအနားနှင့် နည်းပညာပေးရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို မြို့နယ်စည်ပင်သာယာ သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ချောစုလှိုင်မှ အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်သမဝါယမကဏ္ဍမှ ဆောင်းထွက်သီးနှံ (မြေပဲ)စိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်သော သမဝါယမအသင်းသားတောင်သူများသို့သွင်းအားစု ပေးအပ်ပွဲနှင့် နည်းပညာပေး ရက်တိုသင်တန်းအား သမဝါယမအသင်းသား ညောင်လေးပင်မြို့နယ်မှ အသင်းသား(၃၇)ဦး၊ ဒိုက်ဦးမြို့နယ်မှ အသင်းသား(၂၅)ဦး၊ ကျောက်တံခါးမြို့နယ်မှ အသင်းသား (၂၀)ဦး စုစုပေါင်း(၈၂)ဦး တက်ရောက်ခဲ့ကြပြီး ဆရာ(၂)ဦးမှ စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးလှမြင့်၊ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
ပဲခူးတိုင်းဒေသကြီး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်