Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုက်ကြီးမြို့နယ်၌ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး One Village One Product (OVOP) ပံ့ပိုးငွေပေးအပ်


21 Oct,2025

တိုက်ကြီး အောက်တိုဘာ ၂၁

 ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သမဝါယမဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် One Village One Product (OVOP)အစီအစဉ်ဖြင့် ဒေသထွက်ကုန်များဖြစ်သည့် ငါးခြောက်၊ ဝါးခမောက်၊ ဇကောနှင့် ဇကာလုပ်ငန်းဆောင်ရွက်ကြမည့် သမဝါယမအသင်းသားများအား ပံ့ပိုးငွေပေးအပ်ပွဲကို မြို့နယ်သမဝါယမဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့သည်။

 ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအုန်းထွန်းက One Village One Product အစီအစဉ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်က ကျေးရွာအလိုက်၊ ဒေသအလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်မြင်ရေး ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။

 ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်က (OVOP) အစီအစဉ်ဖြင့် ငါးခြောက်၊ ဝါးခမောက်၊ ဇကောနှင့် ဇကာလုပ်ငန်း လုပ်ကိုင်သူ သမဝါယမအသင်းသား များအတွက် ပံ့ပိုးငွေကျပ် ၂၀,၁၀၀,၀၀၀ သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်