Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေး မုဒုံမြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်


21 Oct,2025

မုဒုံ အောက်တိုဘာ ၂၁

 သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် မွန်ပြည်နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိများ သည် မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးသည်။

 ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့်အဖွဲ့သည် ဘဲရမ်းကျေးရွာရှိ သမဝါယမအသင်းလီမိတက် အသင်းပိုင်မြေနေရာတွင် ရာမညဖွံ့ဖြိုးတိုးတက်ရေးဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း ကုန်ပစ္စည်းသိုလှောင်ရုံ များ၊ အအေးခန်းစက်ရုံများနှင့် လူနေဆိုင်ခန်းများ ဆောက်လုပ်မှုအခြေအနေများ၊ မြို့မ(၁)ရပ်ကွက် ရေစင်အနီးအတွင်း မြို့နယ်သမဝါယမအသင်းစုမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ပညာရေး ဝန်ဆောင်မှုလုပ်ငန်း ပုဂ္ဂလိကစာသင်ကျောင်းမြေနေရာ ရှင်းလင်းဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေးပြီး အသင်းမှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းများစနစ်တကျ အကောင်အထည်ဖော်နိုင်ရေး လိုအပ်ချက်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်