Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါင်မြို့နယ်၌သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်" သည့်သတင်း


21 Oct,2025

ပေါင် အောက်တိုဘာ ၂၁

 မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ခြင်းကို ရင်းငြိမ်တောင်ကျေးရွာ၌ ပြည်နယ်သမဝါယမဦးစီးဌာနမှညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့်ဝန်ထမ်း များ၊ ရင်းငြိမ်တောင်ကျေးရွာ၊ ရွှေချမ်းသာစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလိမိတက်ရှိ အသင်းသားပိုင်လယ်များသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

 ထိုသို့ကြည့်ရှူရာတွင် သမဝါယမလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် မွန်ပြည်နယ်သမဝါယမဦးစီး ဌာန မှတာဝန်ရှိသူများသည် ပေါင်မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်နေမှု အခြေအနေများကိုကွင်းဆင်းစစ်ဆေးခဲ့ရာ ရင်းငြိမ်တောင်ကျေးရွာ၊ ရွှေချမ်းသာစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်ရှိ အသင်းသားပိုင်လယ်တွင် မိုးစပါးများဖြစ်ထွန်းနေမှုအား ကြည့်ရှု့ခြင်းနှင့် စပါးရိတ်သိမ်းချိန် အလေအလွင့်မရှိစေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိနိုင်စေရန် အချိန်မီရိတ်သိမ်းရေး၊ လုပ်ငန်းများစနစ်တကျ အကောင်အထည်ဖော်နိုင်ရေးလိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)

မွန်ပြည်နယ်

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်