ဝါးခယ်မ အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြခတ်ကုန်းကျေးရွာအုပ်စု၊ မရမ်းချောင်ကျေးရွာ၊ တိုးပွားအောင်စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ လူမှုစီးပွားမြှင့်တင် ရေး(သက်တန့်ရောင်စီမံကိန်း)ဖြင့်ဆောင်ရွက်သော မိုးစပါးရိတ်သိမ်းပွဲကို အသင်းသားတောင်သူ ဒေါ်ရင်ရင်ဌေး၏ လယ်မြေ၌ ဆောင်ရွက်ခဲ့သည်။
မိုးစပါးရိတ်သိမ်းပွဲသို့ သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တူးတူးလွင်နှင့် ဝန်ထမ်းများ၊ တိုးပွားအောင်စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းမှ အသင်းသားများနှင့်တောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အသင်းသားတောင်သူ ဒေါ်ရင်ရင်ဌေး၏ လယ်မြေ ၁၁ ဧက၌ 'အောင်နိုင်တိုး' မိုးစပါးရိတ်သိမ်းရာ တစ်ဧကလျှင် ပျမ်းမျှအထွက် တင်း(၁၃၀)နှုန်းနှင့် ဒေါ်မြအိမွန်၏ စိုက်ပျိုးဧက ၄ ဧကတွင် “အောင်နိုင်တိုး” မိုးစပါးရိတ်သိမ်းရာ တစ်ဧကလျှင် ပျမ်းမျှအထွက် တင်း(၁၃၅)တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ ဆက်)
ဧရာဝတီတိုင်းဒေသကြီး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်