Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

MSME Business Plan နှင့် Food Safety ဆိုင်ရာ သင်တန်းဖွင့်လှစ်


21 Oct,2025

နေပြည်တော်၊ အောက်တိုဘာ ၂၁

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၄) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် MSME Business Plan/Food Safety Training သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ပိုင်းက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းသည်။

          အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြား ရေးမှူးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက် ကြသည်။

          ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာ မိမိတို့ဌာနမှ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၄) ဖြင့် ဖွင့်လှစ်ပေးခဲ့သည့် စားသောက်ကုန်သင်တန်းဆင်း များအနက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်မည့်သူများနှင့် အသေးစားလုပ်ငန်းရှင် များအတွက် တိုးတက်ပြောင်းလဲနေသော စီးပွားရေးဈေးကွက်၌ မိမိတို့လုပ်ငန်းအတွက် လိုအပ်သည့် စွမ်းဆောင်ရည်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ သဘောတရားများ၊ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုများနှင့် ဈေး ကွက်တွင် ထိုးဖောက်နိုင်ရန် အတွက် ကြော်ငြာများ၊ အရောင်းမြှင့်တင်မှုဆိုင်ရာ သဘောတရားများ၊ Food Safety ဆိုင်ရာများကို သိရှိနားလည်စေရန်အတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ Business Plan သည် လုပ်ငန်းရှင်များအတွက် မဟာဗျူဟာဆိုင်ရာ ကိရိယာတန်ဆာပလာ လက်နက်တစ်ခု ဖြစ်ပါကြောင်း၊ ယနေ့ခတ်တွင် ဈေးကွက်ရှာဖွေမှုသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်နေပါကြောင်း၊ စားသောက်ကုန်ထုတ်လုပ်ရာတွင်လည်း Food Safety ဆိုင်ရာကိစ္စရပ်များ အတွက် လိုက်နာရမည့်အချက်များကို သိရှိလိုက်နာပြီး ထုတ်လုပ်ကြရန်လိုအပ်ပါကြောင်း ပြောကြား ခဲ့ပါသည်။

ယခု သင်တန်းတွင် Business Plan ရေးဆွဲခြင်း၊ ဈေးကွက်ရှာဖွေခြင်းနှင့် ငွေကြေးစီမံ ခန့်ခွဲမှုဆိုင်ရာများ၊ Food Safety ဆိုင်ရာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်